Special Trip International Travel and Tours
သံဝေဇနိယလေးဌာန ၊ အဝိဇဟိတလေးဌာနများတွင် လှည့်လည်ဖူးမြော်ပြသမည့် နေရာဌာနများ (အိန္ဒိယ-နီပေါ-ဘန်ကောက်)
Day-(1,2)ဗုဒ္ဓဂယာ(ဒုတိယ သံဝေဇနိယဌာန၊ ပထမ အဝိဇဟိတဌာန)မဟာဗောတိစေတီ၊ သတ္တဌာန(၇)ဌာန၊ ဒုက္ကရစရိယ ကျင့်ရာလှိုဏ်ဂူ၊ ဥရုဝေလတော၊ သုဇာတာအိမ်နေရာ နှင့် ဃနာနို့ ဆွမ်းကပ်နေရာ၊ ရွှေခွက်မျှောရာ နေရဉ္စာမြစ်၊ သုဒ္ဓိယမြက်ရှစ်ဆုပ်လှူဒါန်းသည့်နေရာ၊ ကမာကူုရဂျပန်ဘုရားကြီး၊ မင်းတုန်းမင်း၏ဇရပ် နှင့် ကျောက်စာ၊ မဟန့် နန်းတော် နှင့် International ကျောင်းများ။
Day-(3,4)ဗာရာဏသီနှင့် မိဂဒါဝုန် (တတိယ သံဝေဇနိယဌာန၊ ဒုတိယ အဝိဇဟိတဌာန)ချောက်ခန္တီစေတီ(ဗုဒ္ဓမြတ်စွာအားပဥ၀္စဂ္ဂီငါးဦးမှကြိုဆိုသောနေရာ)ဓမ္မစင်္ကြာ တရားဦးဟောကြားရာ ဓမ္မရာဇိကစေတီ၊ အနတ္တလက္ခသုတ်ဟောကြားရာ ဓမ္မေခစေတီ၊မှုလဂန္ဓကုဋ္ဋိတိုက်၊ရှေးဘိက္ခူနီမများရေချိုးဆိပ်နေရာနှင့်ကျောင်းတော်ရာ၊ သီရီဓမ္မာအသောကမင်းကြီး၏ကျောက်စာတိုင်၊ မိဂဒါဝုန်ပြတိုက်။
Day-(5,6)သာဝတ္ထိ (တတိယ အဝိဇဟိတဌာန)တာဝတိသာနတ်ပြည်သို့ နှစ်လှမ်းသုံးဖ၀ါးဖြင်ကြွသွားသောသရက်ဖြူကုန်း၊ဇေတ၀န်ကျောင်းတော်၊အာနန္ဒာဗောဓိပင်ကြီး၊
သာဝတ္ထိမြို့ တံခါးဟောင်းနေရာ၊ကောသလမင်းကြီး၏နန်းတော်ရာ၊အင်္ဂုလိမာလစေတီ၊ဒေ၀ဒတ်မြေမျိုရာနေရာ၊စိဉ္စမာနမြေ
မျိုသည့်နေရာ။
Day-(7)လုမ္ဗိနှီ (ပထမ သံဝေဇနိယ ဌာန၊ နီပေါနိုင်ငံ)ဘုရားလောင်း သိဒ္ဓတ္ထမင်းသားဖွားတော်မှုသောနေရာ နှင့်ခြေတော်ရာ ဖွားတော်မူဟန်ကျေုာက်ရုပ်ထု ဘုရားလောင်းဖွားမြင်တော်မူပြီးလျှင်ပြီးချင်းမြောက်အရပ်သို့ ခြေလမ်း( ၇ )လှမ်းကြွသွားသည့်အထိမ်းအမှတ်ဖြင့်တည်ထားသောစေတီငယ်များ၊ မယ်တော်မာယာရေကန်၊ အသောကကျောက်တိုင်၊ လောကမဏီစူဠာစေတီတော်၊ ဂျပန်နိုင်ငံမှတူးဖော်နေသည့်ငြိမ်းချမ်းရေးတူးမြောင်းနှင့်တူးမြောင်း၏တည့်တည့်တွင် နွေ၊မိုး၊ဆောင်း သုံးရာသီမငြိမ်းသော ငြိမ်းချမ်းရေးမီးရှူးတိုင်၊ ဂျပန်နိုင်ငံမှတည်ထားသောဝိရွှသျှန္တီစေတီ၊ ကပိလ၀တ်နန်းတော်ရာ၊ နိကြေဓါရုံကျောင်း။
Day-(8,9)ကုသိနာရုံ (စတုတ္ထသံဝေဇနိယဌာန)ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်စံတော်မူရာ မဟာပရိနိဗ္ဗာနစေတီ၊ ပရိနိဗ္ဗာနရုပ်ပွားတော်၊ တေဇောဓါတ်လောင်ကျွမ်းရာအင်္ဂါရစေတီ၊ နောက်ဆုံးရေကြည်တော် သောက်သုံးတော်မူသောနေရာ။
Day-(10,11)ဝေသာလီဒုတိယ သင်္ဂါယနာတင်တော်မူရာနေရာ၊ ၀ါဠုကာရုံကျောင်းတော်၊ အိန္ဒိယတစ်နိုင်ငံလုံးတွင် အသောကမင်းကြီး၏ ကျောက်စာတိုင်များအနက်မကျိုးမပဲ့ မပျက်မစီး တစ်ခုတည်းကျန်ခဲ့သော ကျောက်တိုင်၊လိစ္ဆ၀ီမင်းသားတို့ ၏ဓါတ်တော်တိုက်နှင့်ရေချိုးသောရေကန်။
ရာဇဂြိုလ်ဝေဠုဝန်ကျောင်း၊ ဗိမ္ဗိသာရမင်းကြီး၏ ဘဏ္ဍတိုက်နှင့်အကျဉ်းထောင်၊ အဇာတသတ်ဓါတ်တော်တိုက်၊ ဆေးဆရာဇီဝက၏သရက်ဥယျာဉ်၊ ဂိဇ္စုကုဋ်တောင်ရှိ ကျောင်းတော်ရာ၊ရတနာဂီရိတောင်ထိပ်တွင် ဂျပန်နိုင်ငံမှတည်ထားသည့်ဝိသျှန္တီစေတီ၊ ပထမသင်္ဂါယနာတင်ရာ ဝေဘာရတောင်၊ ဇာတ်နိမ့်ဇာတ်မြင့် ရေချိုးရာ ရေပူစမ်း၊ ရှေးအခါကုန်သည်များ သွားလာထားသော ကျောက်လှည်းဘီးရာများ။
နာလန္ဒာမြန်မာနိုင်ငံမှ ရဟန်း၊ သံဃာများ စာသင်ရာ နာလန္ဒာတက္ကသိုလ်သစ်၊ ရှင်သာရိပုတ္တရာဖွားရာ၊ ပရိနိဗ္ဗာန်ပြုရာစေတီနှင့် နာလန္ဒာ တက္ကသိုလ်ဟောင်း။
Day-(12) ဘန်ကောက်-ShoppingDay-(13,14) ဘန်ကောက်မြို့ တွင်းထိုင်းနိုင်ငံတွင်အီတလီဗိသုကာလက်ရာနှင့်ထိုင်းဗိသုကာလက်ရာပေါင်းစပ်ကာဆောက်လုပ်ထားသည့်တော်ဝန်နန်းတော်အဆောက်အဦးဖြစ်သည့် Grand Palace သို့ သွားရောက်လေ့လာပြီးနောက်နာမည်ကျော်မြဘုရား(ခ) Emeral Buddha တို့ ကိုဖူးမျှော်ပါမည်။ထို့ နောက်နေ့ လည်စာသုံးဆောင်ပြီးလျောင်းတော်မူဘုရား၊ကျောက်ဘုရား၊တောင်ပေါ်ဘုရား၊
လေးမျက်နှာဘုရားအစရှိသည့်နေရာဋ္ဌာနများကိုဖူးမျှော်ပါမည်။
ဘန်ကောက်မြို့ တွင် နံနက်စာသုံးဆောင်ပြီး ထိုင်းဘုရင်တည်ထားကိုကွယ်ခဲ့သည့်
အယုဒ္ဓယမြို့  ရှိရှေ့ ဟောင်း အမွေအနှစ်များနှင့်ပြည့်နှက်နေသည့် သမိုင်းဝင်စေတီပုထိုးများသို့ သွားရောက်ဖူးမျှော်မှာဖြစ်ပါသည်။ ထိုမှတဆင့် Siam Ocean ထူးဆန်းထွေလာရေအောက်ကမ္ဘာသို့ သွားရောက်လေ့လာပါမည်။