ဘန်ကောက် - စကာင်္ပူ - မလေးရှား (၈ ညအိပ် ၉ ရက်)
Day 1 - ရန်ကုန် - ဘန်ကောက်
ရန်ကုန်မြို့ မှ ဘန်ကောက်မြို့ သို့ ထွက်ခွာမှာဖြစ်ပြီး ၎င်းမှ တစ်ဆင့် ထိုင်းနိုင်ငံတွင် အီတလီ ဗိသုကာ လက်ရာ နှင့် ထိုင်းဗိသုကာ လက်ရာ ပေါင်းစပ်ကာ ဆောက်လုပ်ထားသည့် တော်ဝင်နန်းတော် အဆောက်အဦး ဖြစ်သည့် Grand Palace သို့ သွားရောက် လေ့လာပြီးနောက် နာမည်ကျော် မြဘုရား(ခ) Emeral Buddda တို့ကိုဖူးမျှော်ပါမည်။ ထို့နောက် နေ့လည်စာသုံးဆောင်ပြီး လျောင်းတော်မူဘုရား၊
ကျောက်ဘုရား၊ တောင်ပေါ်ဘုရား၊ လေးမျက်နာဘုရား အစရှိသည့် နေရာဌာနများကို ဖူးမျှော်ရပါမည်။
Night over – hotel
Day 2- ဘန်ကောက်မြို့ 
နံနက်စာသုံးဆောင်ပြီး ထိုင်းဘုရင်တည်ထား ကိုးကွယ်ခဲ့သည့်အယုဒ္ဓယမြို့ ရှိရှေးဟောင်း အမွေအနှစ်များဖြင့် ပြည့်နှက်နေသည့် သမိုင်း ၀င်စေတီပုထိုးများသို့ သွားရောက် ဖူးမျှော်မှာဖြစ်ပါသည်။ ထိုမှတစ်ဆင့် ဘန်ကောက်မြို့သို့ ပြန်လာပြီး ဘန်ကောက်မြို့ ၏ ရင်ခုန်ကြည်နူးဖွယ်ရာ Night Life နှင့် အတူ မြန်မာလူမျိုးများအကြိုက် Pathunum ဈေးကြီးနှင့် Platinum Plaza သို့  ဈေးဝယ်ထွက်မည်ဖြစ်ပါသည်။
Night over – Hotel
Day 3- ဘန်ကောက်မြို့ဟိုတယ်တွင်
နံနက်စာသုံးဆောင်ပြီးနောက် Siam Ocean ထူးဆန်းထွေလာ ရေအောက်ကမ္ဘာ သို့ သွားရောက်လေ့လာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် MBK Shopping Mall မှာ ဈေးဝယ်ထွက်မှာ ဖြစ်ပါသည်။
Night over – Hotel
Day 4 - ဘန်ကောက် - စကာင်္ပူ
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် စကာင်္ပူ သို့ ဆက်လက် ထွက်ခွာပါမည်။ စကာင်္ပူ နိုင်ငံ၏ Land Mark ဖြစ်သော Merlion Park, Parliament House, Fountain of Wealth နှင့် ဘုန်းစွေ နည်းပညာ ဖြင့်ဆောက်လုပ်ထားသော Suntec City သို့သွားရောက်လည်ပတ်ပါမည်။
Night over – Hotel
Day 5 - ဟိုတယ်တွင်
နံနက်စာသုံးဆောင်ပြီးနောက် Mt. Faber သို့သွားရောက်ပါမည်။ ထို့နောက် Takashimaya နှင့် ကမ္ဘာအရပ်ရပ်မှ ပစ္စည်း များကို ၀ယ်ယူနိုင်သော လမ်းမကြီး Orchad Area တို့တွင် Shopping ထွက်ပါမည်။ ထို့မှတဆင့် သီးခြားကမ္ဘာလေးထဲက ကျွန်းငယ် Sentosa ရှိ Underwater World, Dophin show နှင့် မီးပန်းရောင် စုံနှင့် Sound of the Sea ရေပန်းအလှတို့ကို ကြည့်ရှုခံစားပါမည်။
Night over – Hotel
Day 6 - ဟိုတယ်တွင်
နံနက်စာသုံးဆောင်ပြီးနောက် စကာင်္ပူနိုင်ငံတွင် မြန်မာလူမျိုးများ စုဝေးရာ City Hall (ခ) ပင်နစူလာပလာဇာ နှင့် Electronic ပစ္စည်းများ ၀ယ်ယူနိုင်သော Funan ကုန်တိုက်သို့ သွားရောက် ဈေးဝယ် ထွက်ပါမည်။ ထို့နောက် စကာင်္ပူနိုင်ငံ မှ မလေးရှားနိုင်ငံ သို့ ထွက်ခွာပါမည်။
Day 7- စကာၤပူ - မေလးရွား
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ကွာလာလမ်ပူမြို. Sightseeing များဖြစ်သော ကိုလိုနီ ခေတ်လက်ရာများ ဖြစ်သော Independent Square, ဘုရင့်နန်းတော်၊ မလေးရှားနိုင်ငံရဲ့ လွတ်လပ်ရေးပြရုပ် National Monument, National Mosque, National Museum, Parliament House, Thien Hou တရုတ် ဆုတောင်းပြည့်ဘုရားကျောင်း သို့ သွားရောက်ပါမည်။
Night over - Hotel
Day 8- ဟိုတယ်တွင်
နံနက်စာသုံးဆောင်ပြီးနောက် လမ်းပေါ်ရှိ ဟိန္ဒူနတ်ဘုရားကြီးရှိရာ ထုးံကျောက်ဂူနှင့် လှေကားထစ် (၂၇၂) ထစ်ရှိသော Batu Cave သို့သွားရောက်လေ့လာပြီးနောက် ကာစီနိုကစားဝိုင်း များနှင့် နာမည်ကြီး အပန်းဖြေတောင်ပေါ်စခန်းတစ်ခုဖြစ်သော Genting Highlands သို့ သွားရောက် လည်ပတ်ပါမည်။
Night over – Hotel
Day 9 - ဟိုတယ်တွင်
နံနက်စာသုံးဆောင်ပြီးနောက် ကမ္ဘာ့အမြင့်ဆုံး Twin Tower ကြီးရှိရာသို့ သွားရောက် လည်ပတ်ပြီးနောက် မလေးရှားနိုင်ငံ၏ မင်းနေပြည်တော်ဖြစ်သော ပူထရာဂျာမြို့သစ်၊ Putrajaya Mosque နှင့် Wawasam Bridge သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် မလေးရှား မှ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွါ ပါမည်
ပျော်ရွှင်သောခရီးစဉ် ပြီးဆုံးပါပြီ။
Service Included
Air Ticket, Visa, Hotel, Meals, မြန်မာTourleader နှင့် အင်္ဂလိပ်ဧည့်လမ်းညွှန်ဝင်ကြေးများ။
Service Excluded
• ဟိုတယ် နှင့် စားသောက်ဆိုင်များတွင်မှာ သီးသန့်မှာယူသော ရေသန့်၊ အအေးနှင့်
Alcohol များ။
• Excess Baggage Charges (1kg ကို USD 10 & 20 အကြားရှိသည်။)
မှတ်ချက်
• တစ်ချို့သော ဟိုတယ်များတွင် Porterage Service မပါဝင်ပါ။
• လူကြီးမင်းများ ရောက်သောအချိန်အခါ နှင့် သွားရောက်သည့်နိုင်ငံဧ။် နိုင်ငံရေး၊ ရာသီဥတု၊ နေ့ကြီးရက်ကြီး ရုံးပိတ်ရက် နှင့် လေယာဉ်ဝင်ထွက်ချိန်တွင်မူတည်၍ ခရီးစဉ်များ အပြောင်းအလဲရှိနိုင်ပါသည်။
• လေယာဉ်ထွက်ခွာချိန်၊ ပြန်လည်ဆိုက်ရောက်ချိန် နှင့် ခရီးစဉ်တစ်လျှောက် ဆောင်ရန်/ရှောင် ရန်အချက်အလက်များကို ထပ်မံသတင်းထုတ်ပြန်ပါမည်။







chk hotel name n locations....esp in singapore where hotel room rate for 3 stars start fromUS$ 200 per nite....lots of travel agency post u at cheap hotels without any start normally located at red light districts starting from US 60 per night...if u come with family or if u r lady, u will regret to stay in such unhealthy hotels
ReplyDelete