Friday, August 31, 2012
ဘန်ကောက် - အယုဒ္ဓယ - ပတ္တရား (၄ညအိပ်-၅ရက်ခရီး)
Special Trip International Travel and Tours
ဘန်ကောက် - အယုဒ္ဓယ - ပတ္တရား (၄ညအိပ်-၅ရက်ခရီး)
Day 1 - ရန်ကုန် - ဘန်ကောက်
ရန်ကုန်မြို့ မှဘန်ကောက်မြို့ သို့ ထွက်ခွာမှာ ဖြစ်ပြီး  ၎င်းမှတစ်ဆင့်ထိုင်းနိုင်ငံ တွင်
 အီတလီ ဗိသုကာ  လက်ရာနှင့် ထိုင်းဗသုကာလက်ရာ ပေါင်းဆက်ကာ ဆောက်လုပ်ထားသည့် တော်ဝင်နန်းတော်အဆောက်အဦး ဖြစ်သည့် Grand Palace သို့ သွားရောက်လေ့လာပြီးနောက် နာမည်ကျော် မြဘုရား(ခ) Emeral Buddda တိုကိုဖူး မျှော်ပါမည်။ ထိုနောက် နေ့ လည်စာသုံးဆောင်ပြီး လျောင်း တော်မူဘုရား၊ ကျောက်ဘုရား၊ တောင်ပေါ်ဘုရား၊ လေးမျက်နာဘုရား အစရှိသည့်နေရာဌာနများကိုဖူးမျှော်ရပါမည်။
Night over – hotel
Day 2 - ဘန်ကောက် - ပတ္တရား (နေ့ လည်စာ ၊ ညစာ )
ဘန်ကောက်မြို့ မှ နံနက်စာ သုံးဆောင်ပြီး ပတ္တရားသို့  ဆက်လက်ထွက်ခွါမှာဖြစ်ပါသည်။ ထို့  နောက် ပတ္တရား မြို့ အလှအပကိုခံစားကြည့်ရှု့ နိုင်ရန် ပတ္တရားတောင်ပေါ်သို့  သွားရောက်လေ့လာမည် ဖြစ်ပါသည်။ ထို မှတဆင့်ပတ္တရားမြို့ တွင်နာမည်ကြီး အပန်းဖြေစခန်းတစ်ခုဖြစ်သော Coral Island သဲဖြူ ကျွန်းအပျော်စီး လေထီးစီးရာနေရာအစရှိသည်တို့ ကှို Speed Boat စီး၍သွားရောက် အပန်းဖြေ အနားယူပါမည်။ ညနေခင်းတွင် ပတ္တရားမြို့ ရှိ ထင်ရှားသော ရေပေါ်ဈေး၊ ပျော်ရွှင်စရာ Night Life ဖြစ်သော Walking Street နှင့် Shopping Mall များသို့ သွားရောက်လေ့လာလည်ပတ်ပါမည်။
Night over – Hotel
Day 3 - ပတ္တရား - ဘန်ကောက်
Night over – Hotel
Day 4 - ဘန်ကောက် - အယုဒ္ဓယ
ဘန်ကောက်မြို့ နံနက်စာသုံးဆောင်ပြီး ထိုင်းဘုရင်တည်ထား ကိုးကွယ်ခဲ့သည့်အယုဒ္ဓယမြို ရှိရှေးဟောင်း အမွေအနှစ်များဖြင့် ပြည့်နှက်နေသည့် သမိုင်း ၀င်စေတီပုထိုးများဆီသို့  သွားရောက်ဖူးမျှော် မှာဖြစ်ပါသည်။ ထိုမှတစ်ဆင့် Siam Ocean ထူးဆန်းထွေလာ ရေအောက်ကမ္ဘာ သို့ သွားရောက်လေ့ လာပါမည်။
Night over – Hotel
Day 5 - ဘန်ကောက်
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် MKS Shopping Mall သို့ Shopping သွားရောက်ပြီး သုဝဏ္ဏဘုမိ မှ ရန်ကုန်မြို့ သို့ ပြန်လည်ထွက်ခွာပါမည်။
ပျော်ရွှင်သောခရီးစဉ် ပြီးဆုံးပါပြီ။
Service Included
Air Ticket, Visa, Hotel, Meals, မြန်မာ Tourleader နှင့် အင်္ဂလိပ်ဧည့်လမ်းညွှန်၊ ၀င်ကြေးများ
Service Excluded
ဟိုတယ်နှင့် စားသောက်ဆိုင်များတွင်မှာ သီးသန့်မှာယူသော ရေသန့်၊ အအေးနှင့်
 Alcohol များ။
Excess Baggage Charges (1kg ကို USD 10 & 20 အကြားရှိသည်။)
မှတ်ချက်
•တစ်ချို့သော ဟိုတယ်များတွင် Porterage Service မပါဝင်ပါ။
•လူကြီးမင်းများ ရောက်သောအချိန်အခါနှင့် သွားရောက်သည့်နိုင်ငံဧ။် နိုင်ငံရေး၊ ရာသီဥတု၊ နေ့ကြီးရက်ကြီး ရုံးပိတ်ရက် နှင့် လေယာဉ်ဝင်ထွက်ချိန်တွင်မူတည်၍ ခရီးစဉ်များအပြောင်းအလဲရှိနိုင်ပါသည်။
•လေယာဉ်ထွက်ခွာချိန်၊ ပြန်လည်ဆိုက်ရောက်ချိန် နှင့် ခရီးစဉ်တစ်လျှေက်ဆောင်ရန်/ရှောင် ရန်အချက်အလက်များကို ထပ်မံသတင်းထုတ်ပြန်ပါမည်။
0 comments:
Post a Comment