Taunggyi - Inle - Pindaya - Kalaw (4N5D) - Next One
တောင်ကြီး - အင်းလေး - ပင်းတယ - ကလော (၄ ည ၅ ရက်)
ITINERARIES
Day 21:
ရန်ကုန် - တောင်ကြီး
Ovt
On the way
Day 22:
တောင်ကြီး (sightseeing)
Ovt
Cherry Queen Hotel
Day 23:
အင်းလေး (sightseeing)
Ovt
Golden Cave Hotel
Day 24:
ပင်းတယ - ကလော (sightseeing)
Ovt
On the way
Day 25:
ရန်ကုန်
SIGHTSEEINGS
တောင်ကြီး
-
ထမ့်စန်းလိုဏ်ဂူတော်၊ မွေတော်က္ကူစေတီ၊ စူဠာမဏိဘုရား၊ မြို့မဈေး၊ ညဈေး
အင်းလေး
-
ဖောင်တော်ဦးစေတီ၊ အလိုတော်ပေါက်၊ ငဖယ်ချောင်ကျောင်း၊ ရွှေအင်းတိန်၊ ယက္ကန်းရုံ၊
ငွေထည်ဆိုင်
ပင်းတယ
-
ရွှေဥမင်လိုဏ်ဂူတော်၊ ကုံလုံဆရာတော်ရုပ်ကလပ်
ကလော
-
ကလောမြင်းမထိလိုဏ်ဂူတော်၊ ကလောနှီးဘုရား
MEALS
DAY
BREAKFAST
LUNCH
DINNER
DAY 1
Traveller Inn
DAY 2
Royal Pearl Rose
Shwe Pyay Aye (Hopone)
Sein Taung Tan Restaurant
DAY 3
Hotel
Golden Lion Restaurant
Cherry Restaurant
DAY 4
Hotel
Green Tea Restaurant
Thu Maung Restaurant
Hotel
: Cherry Queen Hotel, Golden Cave Hotel
SERVICE INCLUDING
: Air-Con Fully Car, Hotel 2 Nights, High Class Restaurant & Traditional Restaurant, Throughout Guide, Others (Ph7, Snow Towel, Tissues), Snack (on the way)
ရန်ကုန် - အင်းလေး - ကလော - ပင်းတယ - တောင်ကြီး (၄ည ၅ရက်)
Day 1
: ညနေ ၃ နာရီတွင် ရုံးရှေ့မှ ကားများစတင်ထွက်ခွာပါမည်။ ညစာကို ၁၁၅ မိုင် Traveller Inn တွင် စားသောက်၍ ပင်းတယသို့ တိုက်ရိုက်ထွက်ခွာပါမည်။
Day 2
: နံနက်စာကို တောင်ကြီးမြို့ရှိ တော်ဝင် ပုလဲ နှင်းဆီ စားသောက်ဆိုင်တွင် နံနက်စာ သုံးဆောင်ပါမည်။ တောင်ကြီးမြို့မှ ၂၄ မိုင်အကွာအဝေးတွင်တည်ရှိသော (ဟိုပုံးကိုရင်လေး) ဖော်ထုတ်ထားသော ထမ့်စန်းလှိုဏ်ဂူတော်သို့ သွားရောက်ဖူးမျှော်ပြီး နေ့လည်စာကို ဟိုပုံးမြို့ရှိ ရွှေပြည်အေး စားသောက်ဆိုင်တွင် တရုတ်စာဖြင့် သုံးဆောင်ကြမည်ဖြစ်ပါသည်။ ထို့နောက် တောင်ကြီးမြို့သို့ ပြန်ဝင်ပြီး တောင်ကြီးမြို့မှ တစ်ဆင့် ၂၆ မိုင်ကွာဝေးသော မွေတော်ကက္ကူစေတီတော် ကိုသွားရောက်လည်ပတ် ဖူးမျှော်ပါမည်။ ထို့နောက် တောင်ကြီးမြို့ရှိ စူဠာမဏိဘုရားသို့ ၀င်ရောက်ဖူးမျှော်ပါမည်။ ညစာကို တောင်ကြီးမြို့ရှိ စိန်တောင်တန်းစားသောက်ဆိုင်တွင် တရုတ်စာဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်ပါသည်။ ထို့နောက် တောင်ကြီးညဈေးတန်းသို့ ၀င်ရောက်လည်ပတ်ပြီး ဟိုတယ်တွင် အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 3
: ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး ညောင်ရွှေမြို့သို့ ထွက်ခွာမည်ဖြစ်ပါသည်။ ထို့နောက် ညောင်ရွှေ လှေဆိပ်မှ အင်းထဲသို့ မော်တော်များ ဖြင့်စတင်လည်ပတ်ပါမည်။ ပထမဦးစွာ အင်းလေးရှိ ကြောင်ခုန်ကျောင်း အဖြစ် ထင်ရှားသော ငဖယ်ချောင်ကျောင်း၊ ယက္ကန်းရုံများ၊ ငွေထည်ဆိုင်များ ကိုသွားရောက်လေ့လာ၍ အင်းလေးတွင် ရှေးဟောင်း ဘုရားများဖြင့် နာမည်ကြီးသည့် ရွှေအင်းတိန်ဘုရားသို့ ပို့ဆောင်ပေးပါမည်။ ထိုမှအပြန်တွင် နေ့လည်စာကို Golden Lion တွင် သုံးဆောင်ကာ အလိုတော်ပေါက်ဘုရား၊ ဖောင်တော်ဦးဘုရားများကိုဖူးမျှော်၍ ဈေးဝယ်နိုင်ပြီး ညောင်ရွှေလှေဆိပ်သို့ ပြန်လာကာ ပင်းတယမြို့သို့ ဆက်လက်ထွက်ခွာပါမည်။ လမ်းခရီးတွင် ဘ၀သံသရာရထားတံတားတွင် အမှတ်တရ ဓါတ်ပုံရိုက် နိုင်ရန်အတွက် ရပ်နားပေးပါမည်။ ထို့နောက် ပင်းတယရှိ Green Tea Restaurant တွင် ညစာသုံးဆောင်ပြီး Golden Cave Hotel တွင် အိပ်စက်အနားယူပါမည်။
Day 4
: ဟိုတယ်တွင် နံနက်စာကိုသုံးဆောင်ပြီး ပင်းတယ ရွှေဥမင်လှိုဏ်ဂူတော်၊ ကုံလုံဆရာတော်ရုပ်ကလာပ် တို့ကိုဖူးမျှော်လည်ပတ်ပါမည်။ ထို့နောက်နေ့လည်စာကို ပင်းတယ ရှိ Green Tea Restaurant တွင်သုံးဆောင်ပြီး ကလောမြို့သို့ ပြန်လည်ထွက်ခွာလာမည်ဖြစ်ပါသည်။ ကလော - လွိုင်ကော်လမ်းမကြီးဘေးတွင်ရှိသော မြင်းမထိလှိုဏ်ဂူတော် နှင့် ကလောမြို့ရှိ နှီးဘုရား စသည့်နေရာများကို သွားရောက်လည်ပတ်ပါမည်။ ညစာကို ကလောမြို့ရှိ မြန်မာထမင်းဆိုင် သုမောင် စားသောက်ဆိုင်တွင် သုံးဆောင်ပြီး ရန်ကုန် ပြန်လည် ထွက်ခွာမည်ဖြစ်ပါသည်။
Day 5
: ရန်ကုန်သို့ ပြန်လည်ရောက်ရှိပါမည်။
Special Trip ကိုရွေးချယ်ချင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ
1.
ပုံမှန်ခရီးသွားခြင်းထက် ပိုမိုသာလွန်သော ၀န်ဆောင်မှုများကို ခံစားရရှိစေပါသည်။
2.
သွားရောက်ရာ ဒေသများ၏ အကြောင်းကို ထဲထဲဝင်ဝင် သိရှိထားသော Guide များမှ ရှင်းလင်းပြောပြပေးမည်ဖြစ်သောကြောင့် ဒေသခံများနှင့် ၄င်းဒေသ၏ ထူးခြားသော အကြောင်းအရာများကို သိရှိမှတ်သားနိုင်ရန် စီစဉ်ပေးထားပါသည်။
3.
ခရီးစဉ်အတွင်း ဒေသအလိုက် လေ့လာစရာများတွင် ပါဝင်သောနေရာ များသို့ လိုက်လံ ပို့ဆောင်ရှင်းလင်းပြသပေးမည်ဖြစ်ပါသည်။ ဥပမာ- ရှမ်းပြည်တောင်ပိုင်းသို့ သွားရောက်လည်ပတ်ရာတွင် ငွေထည်လက်မှုလုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ ရှမ်းစက္ကူလုပ်ငန်း များကို လက်တွေ့လေ့လာနိုင်ပါမည်။
Services Including
Coach
Air con fully ကားဖြစ်ရပါမည်။
Hotel
Star အဆင့်ရှိ Hotel များဖြစ်ရပါမည်။Hotel Facilities အပြည့်အစုံပါဝင်ရပါမည်။
Meals
မြန်မာအစားအစာ၊ တရုတ်အစားအစာနှင့် ဒေသအစားအစာ များ ပါဝင်ပါသည်။
Guide
အတွေ့အကြုံရှိသော ဟိုတယ်ခရီးမှ လိုင်စင်ရ Guide များပါဝင်ပါသည်။ Sightseeing Information များ ဖြတ်သန်းသွားရာဒေသများကို စာတွေ့၊လက်တွေ့အပြင် legendary များကိုပါ Detail ရှင်းလင်းပြောဆိုနိုင်သော ဧည့်လမ်းညွှန်များကို ထည့်သွင်း အသုံးပြုထားပါသည်။
•
PH7, Tissue, Towel နေ့စဉ်ဝေပါမည်။
•
On the way ညများတွင် Snack ဖြင့်ဧည့်ခံပါမည်။
•
ကားပေါ်တွင် Special Trip Logo ပါသော ထီးများကို အသင့်အသုံးပြုနိုင်အောင်ထားပေးပါမည်။
•
Group Photo များ Family Photo များကို ဧည့်လမ်းညွှန်များမှ ရိုက်ကူးပေးပါမည်။
•
ကားပေါ်တွင် Game အစီအစဉ်များ နှင့် အခြားစိတ်ဝင်စားဖွယ် Programs များကို စီစဉ်ပေးထားပါသည်။